KIA
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် ယနေ့ ညနေ ၄ နာရီခန့်က ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ကူမှုရှိခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရွာနားလေးမှာ လက်နက်ကြီးရော သေနတ်ရော ဆက်တိုက်ပဲ ပစ်နေကြတာ ဆူညံသွားတာပဲ။ ရွာနောက်က တောထဲမှာဖြစ်တာ။ လက်နက်ကြီးက ရွာထဲကပစ်တာ၊ သုံးချက်ဆက်တိုက်ပစ်ပြီး ခုရပ်သွားပြီ။” ဟုသူကပြောသည်။
ကျောက်ကြီးကျေးရွာတွင် စက်တင်ဘာ ၃ ရက်နေ့ကလည်း ရွာတွင် လာရောက်စခန်းချထားသည့် ခ.မ.ရ(၃၆၃) နှင့် ကေအိုင်အေတို့ ၂ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် မတ်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြန်လည်ပြင်းထန်လာသည့်နောက် ရွှေကူမြို့နယ်သည် တိုက်ပွဲဖြစ်ပွားသည့် အကြိမ်ရေအများဆုံးမြို့နယ်ထဲမှ တစ်ခုဖြစ်သည်။
Photo Credit – Irrawaddy
သင့်ထင်မြင်ချက်ရေးပေးပါ