Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် အမေရိကန်သိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း ပါဝင်
ကမ္ဘာကျော် Time မဂ္ဂဇင်းက နှစ်စဉ်ရွေးချယ်သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး သို့မဟုတ် ကမ္ဘာ့ဩဇာအရှိဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းတွင် မြန်မာနွယ်ဖွား အမေရိကန်သိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း ပါဝင်သည်။

မြန်မာနိုင်ငံသူနှစ်ဦးဖြစ်သည့် ဒေါ်အိသဉ္ဇာမောင်နှင့်ဒေါ်အက်စတာဇေနောနှင့်အတူ ကမ္ဘာ့ဩဇာအရှိဆုံးလူပုဂ္ဂိုလ် ၁၀၀ ၏ ဆန်းသစ်တီထွင်သူများ (Innovator) ကဏ္ဍတွင် ထည့်သွင်းဖော်ပြခံရသည့် ဒေါ်မီမီအောင်သည် အမေရိကန်အမျိုးသားဝေဟင်နှင့်အာကာသဌာန (NASA) ၏ သိပ္ပံပညာရှင်တစ်ဦးဖြစ်သည်။
Time မဂ္ဂဇင်းက သတ်မှတ်သည့် ကမ္ဘာ့လွမ်းမိုးမှုအရှိဆုံး လူပုဂ္ဂိုလ်စာရင်းတွင် အမေရိကန်သိပ္ပံပညာရှင် ဒေါ်မီမီအောင်လည်း ပါဝင်
လေယာဉ်နှင့်ရဟတ်ယာဉ်ပျံသန်းရန်ခက်ခဲသည့် အင်္ဂါဂြိုလ်ပေါ်တွင် Ingenuity ဟု အမည်ပေးထားသည့် ရဟတ်ယာဉ်ပျံသန်းနိုင်စေရန် ဒေါ်မီမီအောင်က ဦးဆောင်လမ်းပြပေးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် သမိုင်းဝင် ပထမဆုံးအကြိမ်ပျံသန်းနိုင်ခဲ့သည်။
အသက် ၅၃ နှစ်အရွယ် ဒေါ်မီမီအောင်သည် အမေရိကန်တွင်မွေးဖွားခဲ့ကာ အသက် ၂ နှစ်မှ ၁၆ နှစ်အထိ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံများတွင် နေထိုင်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ