Breaking News 47 Media
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ စစ်ကောင်စီက ယနေ့ည လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

လိုင်ဇာမြို့အနီး လက်နက်ကြီးငါးလုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို အတည်ပြုသည်။
“၁၀ နာရီဝန်းကျင်မှာ ၁၅ မိနစ်အတွင်းမှာ ၄ ကြိမ်လောက်ကြားရတယ်၊ ဘယ်ကိုကျလည်းတော့ မသိဘူး၊ အရမ်း ကြောက်လို့အိမ်အောက်ဆင်းပြီး မီးပိတ်နေနေရတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဩဂုတ်လ ၃ ရက်နေ့တွင် ဝိုင်းမော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း (ခ.လ.ရ) ၅၈ အနီး ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီးနောက် လိုင်ဇာမြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ထို့အပြင် ဇူလိုင် ၃၀ ရက်ညကလည်း ညသန်းခေါင်းယံအချိန်တွင် လိုင်ဇာမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ