မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကဝါးခကျေးရွာ၌ စက်တင်ဘာလ ၁၁ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် လူငယ်ရှစ်ဦးမှ ခြောက်ဦးပြန်လွတ်လာပြီး ကျန်နှစ်ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသူ ရှစ်ဦးမှ နှစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်သည်ဟု အမည်မဖော်လိုသည့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“သူတို့နှစ်ယောက်ကိုက ဖုန်းထဲကနေတွေ့လို့ လို့ပြောတယ်။ ကျန်တဲ့သူတွေက လွတ်လာပြီ ဖုန်းမှာမရှိတာနေမှာပေါ့။ သူတို့နှစ်ယောက်ကို ဘယ်လိုလုပ်ထားတယ်ဆိုတာတော့ မသိဘူး။ ဒီမနက် ပစ္စည်းသွားပို့တာ မပခ ရောက်ပြီ” ဟုသူကပြောသည်။
ဖမ်းဆီးခံထားရသူများသည် မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးဘဲ စိတ်မပူရန်နှင့် အဝတ်အစားများလာပို့ရန် ပြန်လည်လွတ်မြောက်လာသူများကို စကားပါးလိုက်ကြောင်း သူကဆက်ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကဝါးခကျေးရွာရှိ စားသောက်ဆိုင်တွင် စားသောက်နေသည့်လူငယ်ရှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူမှားဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ခြောက်ဦးကို စက်တင်ဘာလ ၁၃ ရက်နေ့က ပြန်လွတ်ပေးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ