ရဲကင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု စပေါ့‌ကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှ ရဲကင်းစခန်းတစ်ခု ယမန်နေ့စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈နာရီ ၄၅ မိနစ်ခန့်က မီးရှို့ဖျက်ဆီးခံရကြောင်းသိရသည်။

ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာအနီးရှိ ဘွမ်နန်ရွာ (မိုးကာရွာ)မှ ကျောင်းစိမ်းလုပ်ကွက်များကို စောင့်ကြည့်နေသည့် ရဲကင်းစခန်းဖျက်စီးခံရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရဲကင်းအဟောင်းကို မီးရှို့လိုက်တာတဲ့ ၊ ကုမ္ပဏီဝင်းနားက ရဲကင်းတဲ့ ရဲတွေပြန်မလာနိုင်အောင် တပ်ပြန်စွဲလို့မရအောင် မီးရှို့လိုက်တာ” ဟု သူကပြောသည်။
ရဲကင်းနှင့်အတူ ဂိုတောင်တစ်ခုလည်း မီးလောင်သွားပြီး ရှို့မီးဖြစ်သည်ဟု သူကဆက်ပြောသည်။
ဘွမ်နန်( မိုးကာရွာ) သည် ရွှေ့ပြောင်းလုပ်သား အများစု စုပေါင်းနေထိုင်ရာ ဒေသဖြစ်ကြောင်းသိရသည်။
ဆိပ်မူကျေးရွာအုပ်စု၊ ကောင်စံကျေးရွာအနီးရှိ စစ်ကောင်စီတပ် စခန်းကို ဩဂုတ်လ ၂၁ ရက်နေ့ညကလည်း ကေအိုင်အေမှ မီးရှို့ဖျက်ဆီးခဲ့သည်။
Photo – ပုံဟောင်းဖြစ်ပါသည်
သင့်ထင်မြင်ချက်ရေးပေးပါ