ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ် ဟိုပင်မြို့ မြကျွန်းသာရပ်ကွက်အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၀ တွင် ယနေ့ ညနေ ၄ နာရီခန့်က သေနတ်သံများနှင့် ဗုံးသံများ ကြားရကြောင်းသိရသည်။

တိုက်ပွဲဖြစ်ပွားခြင်း မဟုတ်ဘဲ တစ်ဖက်တည်းက လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ကြားရနေရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်အုံးအုံးနဲ့ မိုင်းကွဲသံ၊ သေနတ်ဖောက်သံတွေ သူတို့ဟာသူတို့ တပ်အထဲမှာ ဘာတွေလုပ်နေကြလဲမသိဘူး။ နေ့ခင်းကြီး ဘာအရူးထနေကြတာလဲပေါ့။ ငြိမ်သွားပြန် ဖောက်လိုက်ပြန်လုပ်နေကြတာ။ တိုက်ပွဲဖြစ်သလိုတော့ မဟုတ်ဘူး” ဟုသူကပြောသည်။
ပစ်ခတ်သံများမှာ နာရီဝတ်ခန့်ကြာမြှင့်ပြီး သေနတ်သံများနှင့် မိုင်းကွဲသံ ခြောက်ချက် ကြားရကြောင်း သူကဆက်ပြောသည်။
ဟိုပင်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်နေသည့် လူငယ်များကို လိုက်လံရှာဖွေ၍ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ