မြစ်ကြီးနား မော်ဖောင်းရပ်ကွက်မှ ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသားကွယ်လွန်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မော်ဖောင်းရပ်ကွက်တွင် ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသား ရရှိထားသည့်ဒဏ်ရာကြောင့် ယမန်နေ့က ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

မြစ်ကြီးနား မော်ဖောင်းရပ်ကွက်မှ ဧပြီလအတွင်း လက်နက်ကြီးစထိမှန်ခဲ့သည့် အမျိုးသားကွယ်လွန်

 

အသက် ၅၀ ကျော်အရွယ် အမျိုးသား ဦးရှယ်လ်မဟာဒူးသည် ဧပြီလ ၁၇ ရက်နေ့က လက်နက်ကြီးစထိမှန်ခဲ့သည့် ဒဏ်ရာကြောင့် သေဆုံးခဲ့သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ခါးနောက်ကျောမှာ မှန်ထားတဲ့ အဆံလေးတွေ အဆံတစ်ခုက ထုတ်လို့မရတာနဲ့ ကျန်နေခဲ့တာ အဲ့တာက ထုတ်တာနဲ့ အသက်အန္တရာယ်ရှိတယ်လို့ ပြောလို့ သူတို့ကမထုတ်ပေးဘူး။ မသေခင် သွားကြည့်တဲ့အချိန် အနာက ပုတ်ပြီး နံနေပြီ။ ဆေးရုံကဆင်းခဲ့တာတော့ ကြာပြီ” ဟု သူကပြောသည်။
ကွယ်လွန်သူအမျိုးသားသည် နေအိမ်တွင် လက်နက်ကြီး ကျရာက်ပေါက်ကွဲချိန်က ကျောနှင့် တင်ပါးတို့တွင် လက်နက်ကြီးစများ ထိမှန်ခဲ့ခြင်းဖြစ်သည်။
သေဆုံးသူတွင် ကိုဗစ်၁၉ ပိုးမတွေ့ရှိခဲ့သော်လည်း သူ၏အမျိုးသမီးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် နေအိမ် Lockdown ပြုလုပ်ထားချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
သေဆုံးသူ၏ ဈာပနာကို ကွာရာတင်းရက်ပြည့်မှသာ ကိုဗစ်နာရေးကားဖြင့် သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးရှယ်လ်မဟာဒူးသည် ဧပြီလ ၁၇ ရက်နေ့က နေအိမ်တွင် မီးဖိုချောင်နားတွင်‌ရေနွေးကြမ်း သောက်ရင်းထိုင်နေရာမှ လက်နက်ကြီးကျသဖြင့် တင်ပါးနှင့် ကျောကုန်းတွင် နှစ်ချက်ထိမှန်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ဇနီးနှင့်မြေးနှစ်ဦး ကျန်ရစ်ခဲ့သည်။
Photo – သေဆုံးသူ ဦးရှယ်လ်မဟာဒူး၏ နေအိမ်တွင် ဧပြီလ ၁၇ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားပုံ
သင့်ထင်မြင်ချက်ရေးပေးပါ