မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ မီးပြတ်မည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စက်တင်ဘာ ၇ ရက်နေ့မှစတင်ပြီး ဓာတ်အားစနစ်တိုးတက်ရေးအတွက် နှစ်ထပ်လိုင်းအဆင့်မြှင့်တင်ခြင်းပြုလုပ်မည်ဖြစ်သဖြင့် ရပ်ကွက်တချို့တွင် ဓာတ်အားလိုင်းဖြတ်တောက်မည်ဟု သိရသည်။

 

မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ မီးပြတ်မည်

 

ဓာတ်အားလိုင်းဖြတ်တောက်မည့် အချိန်မှာ နံနက် ကိုးနာရီမှ ညနေ လေးနာရီအထိဖြစ်ပြီး ရာသီဥတု ပြောင်းလဲမှုပေါ် မူတည်ကာ ဓာတ်အားလိုင်းပြတ်တောက်ချိန် ပြောင်းလဲနိုင်သည်ဟု သိရသည်။
ဓာတ်အားဖြတ်တောက်မည့် ရပ်ကွက်များမှာ ကြက်ပေါင်ခြံ နယ်မြေ(၁,၂)၊ အောင်နန်း အောက်ချိုင့်၊ အနောက်လယ်ကုန်း၊ ရန်ကြီးအောင်၊ ဒူကထောင်၊ ထွယ်ဆန်၊ စံပြ၊ တပ်ကုန်း၊ ရွှေလမ်းမ၊ ရာဒါကောင်း(A+B)နှင့် အင်ဂျန်ဒုံရပ်ကွက်တို့ဖြစ်ကြောင်း ဘူးဂါးလျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၏ လူမှုစာမျက်မှာမှ ထုတ်ပြန်ထားသည်။
သင့်ထင်မြင်ချက်ရေးပေးပါ