ခ.လ.ရ (၅၈) ရမ်းသမ်းပစ်ခတ်လေ့ရှိသည့် ကျေးရွာများမှ ဒေသခံများ၏ ဝက်များကို အမြန် ရောင်းချနေ
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ (၅)၈ တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လက်နက်ကြီးမကြာခဏ ကျရောက်လေ့ရှိသည့် မဒိန်ကျေးရွာနှင့် ခါ့ကွမ်ရပ်ကွက်မှ ဝက်များကို ရောင်းချနေကြကြောင်း သိရသည်။

ခ.လ.ရ (၅၈) ရမ်းသမ်းပစ်ခတ်လေ့ရှိသည့် ကျေးရွာများမှ ဒေသခံများ၏ ဝက်များကို အမြန် ရောင်းချနေ

 

မကြာခဏဆိုသလို လက်နက်ကြီးစထိမှန်၍ နေအိမ်ပျက်စီးခြင်းနှင့် အိမ်မွေးတိရိစ္ဆာန် အများအပြား သေကြေခြင်းတို့ကြောင့် ရောင်းချကြခြင်းဖြစ်သည်ဟု ခါ့ကွမ်မှ ဝက်ရောင်းသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ဝက်မွေးတဲ့သူ အားလုံးက တိမ်းရှောင်တဲ့နေရာကို ဝက်ကိုသယ်သွားလို့လဲမရတော့ ဝက်စာကျွေးချိန်ဆို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်လာပြီး ကျွေးနေရတယ်။ ဝက်စာတွေက စျေးအရမ်းကြီးတယ် သိပ်တော့ မကာမိဘူး ဝက်တွေ ဆက်မွေရင်လည်း မတော်လို့ ကျည်၊ မိုင်း၊ သူခိုး တစ်မျိုးမျိုးနဲ့ တွေ့သွားမှာပဲလေ အဲ့ကြောင့် ရတဲ့စျေးနဲ့ အမြန်ရောင်းထွက်ဖို့ပဲ စဥ်းစားတော့တယ်” ဟုသူကပြောသည်။
ဒေသခံပြည်သူများသည် နေ့အချိန်တွင် နေအိမ်သို့ပြန်လာပြီး အိမ်မွေးတိရိစ္ဆာန်များကို ကြည့်၍ရသော်လည်း ညအချိန် အိမ်တွင် လူမအိပ်သောကြောင့် ကြက်နှင့် ဝက်များ အခိုးခံရကြောင်း သူကဆက်ပြောသည်။
မဒိန်ကျေးရွာ၊ လဘန်ကျေးရွာနှင့် ခါ့ကွမ်ရပ်ကွက်မှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၄ ရက်နေ့က ရွာတွင်မနေထိုင်ကြရန်နှင့် ပြောင်းရွေ့ကြရန် အသံချဲ့စက်ဖြင့်လိုက်လံပြောဆိုခဲ့သောကြောင့် ဒေသခံများက တိမ်းရှောင်သွားကြသည်။
ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာတွင် လွန်ခဲ့သော ဩဂုတ်လ ၃ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး၏ အိမ်မွေးဝက်အများအပြားသေဆုံးခဲ့သည်။
ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာတွင် လွန်ခဲ့သော ဩဂုတ်လ ၃ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူတစ်ဦး၏ အိမ်မွေးဝက်အများအပြားသေဆုံးခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ