ဖားကန့် စည်ပင်ရုံးတွင် ပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူမရှိ
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးတွင် ယနေ့ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့နယ်စည်ပင်သာယာရေးရုံး အဝင်တံခါးအနီးတွင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပေါက်ကွဲမှုဖြစ်တယ်၊ ရုံအဝင်တံခါးနားမှာ လူတော့ ထိခိုက်မှု မရှိဘူး။ ဒီနေ့က လစာ ထုတ်ရက်လေ” ဟု သူကပြောသည်။
ဖားကန့်မြို့နယ်ရှိ နေရာတစ်ချို့တွင် မေလမှ မကြာခဏ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သည် ဩဂုတ် ၂၀ ရက်နေ့ ည ၈ နာရီခန့်မှ ယနေ့အချိန်ထိ ဖုန်းအော်ပရေတာ အားလုံး၏ ဖုန်းအင်တာနက်များနှင့် Wifiစက်များ ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။
photo credit : AZM
သင့်ထင်မြင်ချက်ရေးပေးပါ