ဝိုင်း​မော် ခ.လ.ရ (၅၈)တပ်၏ လက်နက်ကြီး လူ​နေအိမ်အချို့တွင် ကျ​​ရောက် ​ပေါက်ကွဲ
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ခ.လ.ရ(၅၈)တွင် ယနေ့ပစ်ခတ်မှုဖြစ်ပွားချိန် ခါ့ကွမ်‌ေကျးရွာနှင့် မဒိန်ကျေးရွာရှိ လူနေအိမ်အချို့တွင် လက်နက်ကြီး ကျရောက်မှုများရှိခဲ့‌ေကြာင်း သိရသည်။

ဝိုင်း​မော် ခ.လ.ရ (၅၈)တပ်၏ လက်နက်ကြီး လူ​နေအိမ်အချို့တွင် ကျ​​ရောက် ​ပေါက်ကွဲ

 

ခ.လ.ရ (၅၈) ပစ်ခတ်မှုဖြစ်ပွားချိန် ခါ့ကွမ်ကျေးရွာ၌ လက်နက်ကြီး၂ လုံးနှင့် မဒိန်ကျေးရွာ၌ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများက The 74 Media ကိုပြောသည်။
“မဒိန်မှာကျတာက ဝက်ခြံနားလို့ပြောတယ်။ ခါ့ကွမ်မှာ ကျတဲ့ တစ်လုံးက အိမ်သစ်တတ်တောင် မလုပ်ရသေးတဲ့ အိမ်အသစ်မှာ။အိမ်သားတွေက သေနတ်သံအရမ်းကျယ်လာတယ်ဆိုပြီး ဘေးအိမ်ကိုပြေးတာနဲ့ လက်နက်ကြီး ကျတာပဲ။ နောက်တစ်လုံးကတော့ သရက်ပင်မှာ ကျတာ။” ဟုသူကပြောသည်။
ဝိုင်းမော်မြို့နယ် ခ.လ.လရ (၅၈)တွင် ဩဂုတ်လ ၂၄ ရက်နေ့ ည ၇ နာရီခွဲအချိန်၌လည်း ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်မှ ရွာထဲသို့ မကြာခဏ လက်နက်ကြီးများ ပစ်ခတ်လေ့ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ