Breaking News 47 Media
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ခ.လ.ရ (၅၈)တွင် ယ​နေ့ မွန်းလွဲ တစ်နာရီ အချိန်မှစ၍ လက်နက်ကြီးနှင့်သေနတ် ပစ်ခတ်သံများကြားရကြောင်းသိရသည်။

ခ.လ.ရ (၅၈) တပ်တွင် လက်နက်ကြီး၊ သေနတ်သံများ နှစ်ဖက်ပစ်ခတ်သံများကြားရကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးကThe 74Mediaကိုပြောသည်။
“စစ်ဖြစ်နေသလိုပဲ။ ခုဘဲပစ်နေတာ လက်နက်ငယ်​ရော အကြီး​ရော ဆိုးတယ် ခုထိမနား​သေးဘူး။ လက်နက်ကြီးဘဲမဟုတ်ဘူးဗုံးသံ​ရောပါနေတယ်။ နှစ်ဖက်ထင်တယ်” ဟုသူကပြောသည်။
ဝိုင်းမော် မြို့ ခ.လ.ရ (၅၈)တွင် ဩဂုတ် ၂၄ရက် ညကလည်းလက်နက်ကြီးများ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ