မိုးကုတ်တွင် ငါးနှစ်အရွယ်က​လေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအောက်ရွာတွင် ယမန်​နေ့ ညနေပိုင်းက အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ​ကြောင်း သိရသည်။

မိုးကုတ်တွင် ငါးနှစ်အရွယ်က​လေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရ

 

သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်သည် အဝတ်အစားအပြည့်အစုံမပါဘဲ သေဆုံး​နေကြောင်း အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သင်္ချိုင်းကုန်းနားမှာ ပစ်သွားတာပါ၊ ကလေးက အောက်ပိုင်းအဝတ်အစားမပါတော့ဘူး ခေါင်းကိုလည်း ခဲနဲ့ထုသတ်ထားပုံပဲ ကလေးလေးက မုဒိန်းလုပ်ခံထားရတယ်”ဟု​ပြောသည်။
​သတ်ဖြတ်ခံခဲ့ရ​သည့် က​လေးမှာ မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှ ဖြစ်​ကြောင်းသိရသည်။
လက်ရှိအချိန်တွင် တရားခံဟု သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့များက ​ဖမ်းဆီးခေါ်​ဆောင်သွားပြီဖြစ်​ကြောင်း ​နောက်ထပ် ​ဒေသခံတစ်ဦးကပြောသည်။
“ခု လက်ရှိ သူ့ကို ရဲကခေါ်သွားပြီရှင့်။ တရားခံက အဲ့အိမ်ပြောင်းလာတာ တစ်လကျော်ပဲရှိသေးတယ်။ အခုက စစ်တုန်းဆိုပေမယ့် က​လေးကို သူခေါ်သွားတာကို မြင်တဲ့သူရှိတယ်” ဟု ပြောသည်။
မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူများသည် တရားခံ သုံးဦးဖြစ်ကြောင်း ကလေးမိသားစုနှင့် နီးစပ်သူများက​​ ပြောဆို​နေကြသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသူသည် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး မကြာခဏ ​ထောင်ကျဖူးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ