နမ္မတီးမြို့တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲအတွင်း အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

ကချင်ပြည်နယ်၊ နမ္မတီးမြို့ စီးဒီယံကျေးရွာအတွင်း ယနေ့ နံနက် လေးနာရီခန့်အချိန်က စစ်ကောင်စီနှင့်KIA အကြား တိုက်ပွဲဖြစ်ပွားစဉ် အသက် ၄၆ နှစ်အရွယ်အမျိုးသားတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်းသိရသည်။

နမ္မတီးမြို့တွင် စစ်ကောင်စီနှင့် KIA တိုက်ပွဲအတွင်း အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

 

ကျည်ထိမှန် သေဆုံးခဲ့သူမှာ ဦးမိုးကျော်ဆိုသူဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ် ကတုတ်ကျင်းမှ ထွက်ကာ မီးဖိုချောင်တွင် ဖျာသွားယူချိန်၌ ကျည်ထိမှန်ကာ သေဆုံးသွားကြောင်း ဇနီးဖြစ်သူက The 74 Mediaကိုပြောသည်။
“၅နာရီလောက်က ဆုံးတာ။ ဘယ်ဘက်နား‌ကနေပီးတော့ ကျည်ထိသွားတာ။ ဦးနှောက်ကိုပေါက်ထွက်သွားတာ။ အိမ်တွေရော၊ ကားမှန်တွေရော၊ အကုန်ကွဲတယ်။ ကား‌တွေရော အစိတ်စိတ် အမွှာမွှာ ပေါက်ထွက်ကုန်တယ်”ဟု သူက ပြောသည်။
စစ်ကောင်စီတပ်မှ စီးဒီယံကျေးရွာအတွင်းသို့ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေသောကြောင့် ရွာခံများထွက်ပြေးနေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့ညက ဝိုင်းမော်မြို့အနီးရှိ စစ်ကောင်စီ၏ ခလရ (၅၈) တပ်၏ လက်နက်ကြီးကြောင့် လဘန်ကျေးရွာမှ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ