ဝိုင်းမော် ခ.လ.ရ (၅၈) ကို ကေအိုင်အေ တိုက်ခိုက်ခဲ့မှုကြောင်​့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ် ခ.လ.ရ (၅၈) တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က ယမန်နေ့ ဇူလိုင်လ ၂၉ ရက် ည ၁၁ ဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဝိုင်းမော် ခ.လ.ရ (၅၈) ကို ကေအိုင်အေ တိုက်ခိုက်ခဲ့မှုကြောင်​့ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

 

ခ.လ.ရ (၅၈) တပ်ရင်းမှ တပ်ကြပ်တစ်ဦး သေဆုံးပြီး တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ လက်နက်အချို့ကိုကေအိုင်အေက သိမ်းဆည်းသွားသည်ဟု အမည်မဖော်လိုသူ တပ်မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ကတိုက်ပွဲဖြစ်သွားတဲ့နေရာမှာ စစ်ကောင်စီဘက်ကနေ တပ်ကြပ်တစ်ယောက် ကျတယ်။ ပြီးတော့ တပ်သားနှစ်ယောက် ထိတယ်။ အခုစစ်ဆေးရုံးမှာ ဆေးကုသမှုခံယူနေတယ်။ ပြီးတော့ သေနတ်တွေ ပါသွားတယ်” ဟုသူကပြောသည်။
ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးရှိ ခ.လ.၇ (၅၈) တပ်တွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်မှ ၁၁ နာရီခွဲခန့်ထိ အပြန်အလှန် ပစ်ခတ်မှုများရှိခဲ့သည်။
ပစ်ခတ်မှုဖြစ်နေချိန်တွင် လဘန်ကျေးရွာရှိ ကုမ္ပဏီဝင်းအတွင်းသို့ လက်နက်ကြီးကျကာ ပြည်သူတစ်ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ပြီး တစ်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပစ်ခတ်မှုဖြစ်ပွားသည့် ခ.လ.ရ (၅၈) သည် ဝိုင်းမော်-ချီဖွေ လမ်းမကြီးဘေးတွင် တည်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ