ကာမိုင်းမြို့အနီး

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နှင့် မိုးကောင်းမြို့ကြားရှိ တနိုင်းလီဒိုလမ်းတွင် တပ်စွဲထားသော စစ်ကောင်စီ၏ မရန်ကထောင်စစ်ဆေးရေးဂိတ်ကို ယနေ့နံနက် လေးနာရီဝန်းကျင်ခန့်က KIA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ကောင်စီဂိတ်အား KIA တပ်မဟာ ၂၊ တပ်ရင်း ၁၁ မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပစ်ခတ်သံကတော့ လက်နက်ကြီး လက်နက်သေးနဲ့၊ အချိန်တစ်နာရီကျော်ကြာ ကြားရပြီးငြိမ်သွားတယ်။ မီးတိုင်တစ်တိုင်ကျိုးပြီး မီးကြိုးတချို့ပျက်စီးတာပေါ့ရှိတယ်။ အနားကနေအိမ်တချို့မှာတော့ သွပ်မိုးပေါ် နည်းနည်းထိသွားတော့ရှိတယ်။ KIAဘက်ကတော့ အထိအခိုက်မရှိပါဘူး။ စစ်တပ်ဘက်ကတော့ အထိအခိုက်ရှိလောက်တယ်”ဟု ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သော်လည်း အဆိုပါစစ်ကောင်စီဂိတ်သည် နံနက် ၇နာရီကျော်တွင် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ရနေကြောင်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်၏ (၅၈) တပ်ရင်းကို ယမန်နေ့ညပိုင်းက KIA အဖွဲ့မှ သွားရောက်ပစ်ခတ် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုကြောင့် လဘန်ကျေးရွာမှ အရပ်သားပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ