KIA အဖွဲ့

ရှမ်းပြည်နယ်‌မြောက်ပိုင်း ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ကြားရှိ နမ့်ပေါ်တံတား ကင်းစခန်းနှင့် နမ့်ခိုင်‌ချောင်းတံတား ကင်းစခန်းတို့ကို ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့ မွန်းလွှဲ ၁၂ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ချိန်တွင် မွန်းလွှဲ ၁၂ နာရီမှ ၂ နာရီခွဲခန့်ထိ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးမြို့နှင့် ဖောင်းဆိုင်ကျေးရွာအနီးတွင် ယနေ့ မွန်းလွှဲ ၁နာရီ မိနစ်၄၀ ခန့်က စစ်ကောင်စီတပ်နှင့် MNDAA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာသဖြင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ညနေ ၃ နာရီထိ လက်နက်ကြီးသံများ ကြားနေရကြောင်း တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာအနီးက ဒေသခံများထံမှ သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ