ကာမိုင်း PDF အဖွဲ့ စစ်ကောင်စီဂိတ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ လေးဦးသေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့အဝင်ရှိ စစ်ကောင်စီဂိတ်ကို ကာမိုင်း PDF တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၇နာရီအချိန်က မိုင်းခွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ လေးဦးသေဆုံးသွားကြောင်းသိရသည်။

ကာမိုင်း PDF အဖွဲ့ စစ်ကောင်စီဂိတ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ လေးဦးသေ

 

“မနက် ၆ နာရီခွဲလောက်က ဂိတ်ထဲကို ဗုံးနဲ့ ပစ်သွားတယ်လို့ကြားတယ်၊ပေါက်ကွဲမှုဖြစ်တာကတော့ သေချာတယ်၊ လမ်းလည်း ဖွင့်ပေးထားတယ်၊ ဘယ်သူဆိုတာတော့ မသိဘူး” ဟု အမည်မဖော်လိုသူ ကာမိုင်းဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့က ဖားကန့်-ကာမိုင်းလမ်းပေါ်ရှိ ဆိုင်းဖရာကျေးရွာမှ ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ