ဗလမင်းထင်တံတား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားရပ်ကွက် ဗလမင်းထင်တံတားထိပ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ည ၈ နာရီခန့်က သေနတ်ပစ်ခတ်သံများကြားနေရသည်ဟု သိရသည်။

ဗလမင်းထင်တံတားထိပ်ဘက်တွင် တစ်ဖက်တည်းမှ သေနတ်ပစ်ခတ်သံများကြားနေရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တစ်ခါပစ်ရင် သုံး၊ လေးချက်နဲ့ ငါးကြိမ်၊ ခြောက်ကြိမ်လောက် တံတားထိပ်ဘက်မှာ အခု ၉ နာရီ ၂၀ မှာလည်း တစ်ချက်ပြန်ကြားတယ်။ မနေ့ညလည်း ၁၁ နာရီလောက်မှာ ငါးချက်ကြားလိုက်တယ်။ တစ်ဖက်တည်း ပစ်သံ ဟုတ်တယ်” ဟုသူကပြောသည်။
တံတားတွင် နံနက် (၆) နာရီမှ ည (၇) နာရီအတွင်း ဖြတ်သွားဖြတ်လာသူများကို အပူချိန်တိုင်းခြင်းနှင့် အချို့အား ခန္ဓာကိုယ်တွင် ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သူကဆက်ပြောသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာတွင် လွန်ခဲ့သော ဇူလိုင်လ ၁၁ ရက်နေ့က ကေအိုင်အေမှ စစ်ကောင်စီ၏ တပ်စခန်းအနီးတွင် လက်နက်ကြီး ပစ်ခတ်မှုများရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ