Stay at Home သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့၏ ယနေ့မြင်ကွင်းအချို့

ကိုဗစ်၁၉ ရောဂါ ကူးစက်မှုနှုန်းမြှင့်တက်လာသဖြင့် Stay at Home မြို့နယ်တစ်ခုအဖြစ် သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့တွင် သာမန်အချိန်အထက် လူသွားလူလာ နည်းပါးနေသည်။

Stay at Home သတ်မှတ်ထားသည့် မြစ်ကြီးနားမြို့၏ ယနေ့မြင်ကွင်းအချို့

ဈေးဆိုင်အချို့ဖွင့်သော်လည်း ပိတ်ထားသောဆိုင်များလည်းရှိပြီး ဈေးဝယ်ပြည်သူများလည်း နည်းပါးနေသည်ကို တွေ့ရသည်။
မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေးများကို ဇူလိုင်လ ၉ ရက်မှ စတင်ကာ အချိန်အကန့်အသတ်ဖြင့်သာ ဖွင့်ခွင့်ပေးထားပြီး ဈေးအတွင်းမှ ဈေးဆိုင်အချို့သာ လာရောက်ရောင်းချနေကြသည်။
ကချင်ပြည်နယ်ရှိ မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များကို ဇူလိုင်လ ၁၃ ရက်နေ့မှ စတင်ကာ Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ဇူလိုင်လ (၁၅) ရက်အထိ ကိုဗစ်၁၉ ကူးစက်ခံရသူ စုစုပေါင်း ၁၂၄၆ ဦးရှိပြီး သေဆုံးသူ ၁၉ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ