နမ္မတီးမြို့ 2

ကချင်ပြည်နယ်၊ နမ္မတီးမြို့တွင် ယနေ့ ကိုဗစ်၁၉ ပိုးထပ်မံတွေ့ရှိသူ ၁၅ ဦးရှိကြောင်း သိရသည်။

အနံ့ပျောက်လူနာများနှင့် ခရီးသွားရာဇဝင်ရှိသူ ၂၅ ဦးကို စစ်ဆေးရာ ၁၅ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ သူနာပြုတစ်ဦးက The 74 Media ကိုပြောသည်။
“တချို့က ရန်ကုန်ကပြန်လာတဲ့သူလည်းရှိတယ်။ တချို့ကတော့ အနံ့ပျောက်လို့ ချောင်းဆိုးလို့ လာပြရင်းနဲ့ စစ်လိုက်တာလေ။ ပိုးတွေ့ရှိတဲ့သူတွေနေထိုင်တဲ့ ရပ်ကွက်ကတော့ နမ္မတီး တစ်မြို့လုံးနီးပါးပဲ။ မြို့လှ၊ မြို့မ၊ ကမ္ဘောဇ နဲ့ ကံလှလည်းပါတယ်” ဟုသူကပြောသည်။
ပိုးတွေ့လူနာများတွင် လသားအရွယ်ကလေးငယ်အပါအဝင် အသက် ၈၀ အရွယ် သက်ကြီးရွယ်အိုများလည်း ပါဝင်ကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့လူနာများကို တိုက်နယ်ဆေးရုံအနီးမှ အခြေခံပညာမူလတန်းကျောင်းတွင် ထားရှိကြောင်းသိရသည်။
နမ္မတီးမြို့တွင် ကိုဗစ်၁၉ တတိယလှိုင်း၌ ပိုးတွေ့လူနာစုစုပေါင်း ၃၄ ဦးထိရှိလာပြီး စစ်ကောင်စီ၏ ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း ၁၂၄၆ ဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ် နမ္မတီမြို့သည် လူဦး‌ရေ စုစုပေါင်း ၁၇၀၄၂ ဦး နေထိုင်သော ဒေသဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ