KIA အဖွဲ့

ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ဂေါ်လိယန် ကျေးရွာ (Gaw Lu Yang ) အနီးတွင် ကေအိုင်အေ တပ်မဟာ ၉၊ အမှတ် ၄၄ တပ်ရင်းတပ်ဖွဲ့ဝင်များက ယနေ့ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကားမိုင်းမြို့ ဂေါ်လိယန် ကျေးရွာ (Gaw Lu Yang) ရှိ ဖုန်းတာဝါတိုင်အနီးတွင် ဖားကန့်မြို့နယ်အတွင်းသို့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်ဖြင့် ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေ တပ်မဟာ ၉ ၊အမှတ် ၄၄ တပ်ရင်းတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သောကြောင့် နှစ်ဖက် အကျအဆုံး ထိခိုက်ဒဏ်ရာ အရေအတွက်ကို The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ