COVID-19 Update

ကချင်ပြည်နယ် ဝိုင်းမော်မြို့ မြို့မရဲစခန်းမှ နယ်ထိန်း (၇) ယောက်တွင် ယနေ့ ဇူလိုင်လ ၁၄ ရက်က ကိုဗစ်၁၉ ပိုးတွေ့ခဲ့ကြောင်း သိရသည်။

ရဲစခန်းမှ တာဝန်ရှိသူများကို ကိုဗစ်၁၉ ရောဂါပိုး ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၀ ယောက်ထက်မက ရှိနိုင်သည်ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“အခုစစ်ပြီးတဲ့အထဲက နယ်ထိန်း ၇ ယောက် ပိုးတွေ့တယ်၊ အခုလည်း စစ်နေတုန်းပဲ၊ မပြီးသေးဘူး၊ စုစုပေါင်းက ၁၀ ယောက်မကရှိနိုင်တယ်” ဟု ပြောသည်။
ဝိုင်းမော်မြို့ မြို့မရဲစခန်းမှ ကိုဗစ်၁၉ အတည်ပြုလူနာများကို စစ်ဆေးခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

ကချင်ပြည်နယ် တွင် ကိုဗစ်ပိုးတွေ့ရှိသူ များလာပြီး ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၄၀ ဦး ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ