ကေအိုင်အေ

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းရှိ ကေအိုင်အေ၏ တပ်ရင်း ၈ နေရာဟောင်းကို ကေအိုင်အေက ယနေ့ပြန်လည်ရယူလိုက်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ရင်းများ ဆုတ်ခွါတိမ်းရှောင်ထားခဲ့သဖြင့် အဆိုပါနေရာကို အလွယ်တကူပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“တပ်မတော်ဘက်က ဆုတ်သွားတယ်လို့ကြားပါတယ်၊ တိုက်ပွဲကြီးကြီးမားမားဖြစ်တယ်လို့တော့ သတင်းမရပါဘူး၊ ဒီလို ရှေ့တန်းစခန်းတွေကို အခုတလော အများကြီး ဆုတ်ခွါထားကြတယ်” ဟုပြောသည်။

နမ္မတူမြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး ကေအိုင်အေတပ်ရင်း ၈ နယ်မြေဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ