နိုင်ငံတော်ဒုသမ္မတ ဒူဝါလရှီးလ

ဒူဝါလရှီးလသည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှ ရှေ့နေတစ်ဦးဖြစ်သည်။

နိုင်ငံတော်ဒုသမ္မတ ဒူဝါလရှီးလ

 

နိုင်ငံရေးနှင့် ဥပဒေရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး စကားပြောသိမ်မွေ့ကာ အများနှင့်ဆက်ဆံရေးပြေပြစ်သူဖြစ်သည်။
၂၀၂၀ ခုနှစ်မှ စတင်ကာ နိုင်ငံရေးဩဇာကြီးမားသည့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့၏ ဥက္ကဌဟောင်းဖြစ်သည်။
ဒေါက်တာတူးခေါင် (သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စု ဝန်ကြီး)
ဒေါက်တာတူးခေါင်သည် မြစ်ကြီးနား စီတာပူရပ်ကွက်မှဖြစ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည်။
သူသည် ထိုင်းနိုင်ငံခွန်ခင်းတက္ကသိုလ်မှ ရပ်ရွာဒေသဖွံ့ဖြိုးရေး မဟာဘွဲ့နှင့် မြန်မာနိုင်ငံဓမ္မတက္ကသိုလ်မှ Doctor of Ministry ဘွဲ့ရရှိထားသူဖြစ်သည်။
ဒေါ်ဂျာထွယ်ပန် (ဒုဝန်ကြီး – ပညာရေးဝန်ကြီးဌာန)
ဒေါ်ဂျာထွယ်ပန်သည် ကမ္ဘာ့ထိပ်သီးတက္ကသိုလ်တစ်ခုဖြစ်သည့် The London School of Economics and Political Science (LSE) မှ Social Anthology ဘာသာရပ် မဟာဘွဲ့၊ အမေရိကန်နိုင်ငံရှိ မြောက်ပိုင်းအီလီနွိုက်တက္ကသိုလ် (Northern Illinois University) မှ M.A. (Anthropology) မဟာဘွဲ့ရရှိထားသူဖြစ်သည်။
ယခင်က မိုင်ဂျာယန်အခြေစိုက် Schools of Intensive English Programs (IEP) ကျောင်းတွင် နည်းပြတစ်ဦးအဖြစ်လည်းကောင်း၊ Institute of Liberal Arts and Science (School of IEP) ၏ ညွှန်ကြားရေးမှူးအဖြစ်လုပ်ကိုင်ခဲ့ဖူးပြီး သုတေသနစာတမ်းများစွာကို ရေးသားထုတ်ဝေခဲ့သည်။

စကားပြောနူးညံ့သိမ်မွေ့ပြီး လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ