ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အမှတ် (၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဖွင့်ပြီး
သုံးရက်မြောက်နေ့ထိ ကျောင်းတက်သူဦးရေ ၅၀၀ ကျော်ရှိကြောင်းသိရသည်။

 

ကျောင်းသား ကျောင်းသူ ၁၃၀၀ ကျော်ရှိသည့် အဆိုပါကျောင်းတွင် သုံးပုံတစ်ပုံခန့် ကျောင်းတက်နေခြင်းဖြစ်သည်ဟု
အမည်မဖော်လိုသူ ဆရာမတစ်ဦးက The 74 Media ကိုပြောသည်။
“ကျောင်းတက်တာ ၅၀၀ ကျော်တယ်၊ KGတန်း တစ်တန်း နှစ်တန်းတွေက ၂ နာရီဆို အိမ်ပြန်တာတွေ့တယ်
ကျန်တဲ့အတန်းတွေက ပုံမှန် ကျောင်တက်ချိန်လိုပဲ” ဟုသူကပြောသည်။
ကျောင်းတွင် စစ်ကောင်စီတပ်များကို လုံခြုံရေးအတွက် နေရာချထားမှုများ ရှိကြောင်း သူကဆက်ပြောသည်။
ကျောင်းအပ်နှံရာတွင် KG နှင့် ပထမတန်းတွင် ပျမ်းမျှ တစ်ခန်းတွင် လူဦးရေ ၅၀ ကျော်၊
အလယ်တန်းတွင် ပျမ်းမျှတစ်ခန်းတွင် လူဦးရေ ၄၀ ကျော် နှင့် အထက်တန်းတွင် ကျောင်းသား ကျောင်းသူ ဦးရေ ၄၀ ခန့် ရှိခဲ့သည်။
မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ အမှတ် ၁၁ အခြေခံပညာကျောင်းတွင် ၂၀၁၉ – ၂၀၂၀ ပညာသင်နှစ်၌
ကျောင်သားဦးရေ စုစုပေါင်း ၁၃၀၀ ကျော် ပညာသင်ကြားခဲ့သောကျောင်းဖြစ်သည်။
– ဇွန် ၁ ရက်နေ့က ရိုက်ကူးထားသော ပုံဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ