ပူတာအိုမြို့မှ သွားဆရာဝန်တစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ထား

ပူတာအိုမြို့မှ သွားဆရာဝန် ဒေါက်တာ ဟိန်းသူရဇော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်လိုက်သည်ဟုသိရသည်။

ယမန်နေ့ ညနေ ၃ နာရီခန့်က ပူတာအိုမြို့ လုံးစွပ်ရပ်ကွက်ရှိ Y&H သွားနှင့်ခံတွင်းဆေးခန်းတွင် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆွေးမျိုးနီးစပ်သူတစ်ဦး က The 74 Media ကိုပြောသည်။
“မနေ့ညနေ ၃ နာရီလောက်က ဒေါက်တာ ဟိန်းသူရဇော် ဆေးခန်းထိုင်နေတဲ့အချိန် လာဖမ်းသွားတာပေါ့။ ဆေးခန်းရှေ့မှာ ဆေးရုံကြီး သွားနှင့်ခံတွင်းဌာနမှာ ပြထားတဲ့ ဆေးမှတ်တမ်းစာအုပ်ယူလာရင် ကုန်ကျစရိတ် တစ်ဝက် ၅၀% နဲ့ကုသပေးမယ်လို့ ဗီနိုင်းကပ်ထားလို့ လာဖမ်းတာလို့ ပြောတယ်၊ ပူတာအိုမြို့နယ်ရဲစခန်းက စခန်းမှူးပြောတာတော့ ပုဒ်မ ၅၀၅ (က) နဲ့အမှုဖွင့်လိုက်ပြီ” ဟုသူကပြောသည်။
ဒေါက်တာဟိန်းသူရဇော်ကို ယနေ့ရုံးထုတ်စစ်ဆေးမည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

Y&H သွားနှင့်ခံတွင်းဆေးခန်းမှ သွားဆရာဝန် ဒေါက်တာဟိန်းသူရဇော်သည် မိုးကုတ်ဇာတိဖြစ်ပြီး ပူတာအိုမြို့တွင် ၂၀၂၀ ဇူလှိုင်လမှ စတင်ကာ သွားဆေးခန်းဖွင့်ခဲ့သည်ဟု သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ