KSPP ပါတီဥက္ကဋ္ဌ ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) တွင်မပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန်

ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ပါတီ၏ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမနမ်တူးဂျာသည် အသစ်ဖွဲ့စည်းလိုက်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) တွင် မပါဝင်ကြောင်း ကြေညာချက်ထုတ်ပြန်လိုက်သည်။

KSPP ပါတီ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည့် ထုတ်ပြန်ကြေညာချက်တွင် KSPP ပါတီဥက္ကဋ္ဌ ဒေါက်တာမနမ်တူးဂျာသည် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) တွင် လုံးဝမပါဝင်ပါကြောင်းနှင့် KSPP နှင့် KPPF ပတ်သက်ခြင်းမရှိကြောင်း ဖော်ပြထားသည်။
KPPF တွင် ဒေါက်တာတူးဂျာကို အကြံပေးအဖြစ်ထည့်သွင်းထားခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
KPPF ၏ အဖွဲ့ဝင်အဖြစ် အမည်ထည့်သွင်းထားသည့် လူငယ်အမျိုးသမီးတစ်ဦးသည်လည်း သူမအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း ယမန်နေ့ညနေက သူမ၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဧပြီလ ၇ ရက်နေ့ရက်စွဲဖြင့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) တွင် နိုင်ငံရေးပါတီများမှ နိုင်ငံရေးသမားအများစုပါဝင်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (တစည) ပါတီမှ ဦးဂျေယောဝူ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရှေ့နေနှင့် လူငယ်အချို့ပါဝင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ