Breaking News 47 Media

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ဒွန်ဘုန်းကျေးရွာတွင် ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။

ဒွန်ဘုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကေအိုင်အေတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်မှုများရှိသည်ဟု သိရသည်။
ဒွန်ဘုန်းကျေးရွာသည် ဖားကန့်မြို့နယ်ရှိကျေးရွာတစ်ခုဖြစ်ပြီး လူဦးရေ ၈၀၀ ခန့်နေထိုင်သည်။

ဆက်လက်ဖော်ပြပါမည်။

သင့်ထင်မြင်ချက်ရေးပေးပါ