ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဖမ်းဆီးရမိသည့် သုံ့ပန်းဗွီဒီယို လူမှုကွန်ရက်တွင် ပျံ့နှံ့နေ
ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဖမ်းဆီးရမိသည့် သုံ့ပန်းဗွီဒီယိုတစ်ခု ဖေ့စ်ဘုတ်လူမှုကွန်ရက်ဗွီဒီယိုတွင် ယနေ့ ဇွန်လ ၂ ရက် ညနေပိုင်းတွင် ပျံ့နှံ့လာသည်။
ဗွီဒီယိုတွင် ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ကုမ္ပဏီဝန်ထမ်းဟု ထွက်ဆိုသူ နှစ်ဦးပါဝင်သည်။
ခန္တီးမြို့နယ် နန်စီပွန်ရဲစခန်းကို ကေအိုင်အေက မေလ ၂၂ ရက် နံနက်ပိုင်းတွင်
ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်အမျိုးသမီးအပါအဝင်ကိုးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု
သတင်းထွက်ပေါ်ခဲ့သော်လည်း ဗွီဒီယိုတွင် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၁ ဦးဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့လာသည့် ဗွီဒီယိုကို ရိုက်ကူးသူ မည်သူမည်ဝါဖြစ်သည်နှင့်
မည်သည့်နေရာတွင် မည်သည့် နေ့ရက်၌ ရိုက်ကူးထားသည်ကို The 74 Media က စုံစမ်းနေဆဲဖြစ်သည်။
နန်စီပွန်ရဲစခန်းကို ကေအိုင်အေက ဝင်ရောက်တိုက်ခိုက်ပြီး ပြန်လည်ထွက်ခွာစဉ် ရဲစခန်းအနီးရှိ ပြည်သူများက
လက်ခုပ်တီးဩဘာပေးသည့် ဗွီဒီယိုများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ