ကျောင်းသား ၃၀၀၀ ကျော်ရှိသည့် နန်းမားတွင် ၂၀၀ ကျော်ကျောင်းတက်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ ကျောင်းသား ၃၀၀၀ ဝန်းကျင်ရှိသည့် နန်းမားမြို့တွင်
ယခုတစ်ပတ်မှစတင်ကာ ကျောင်းတက်နေသူ ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၂၀ ကျော် ရှိကြောင်းသိရသည်။
ကျောင်းသား ၃၀၀၀ ကျော်ရှိသည့် နန်းမားတွင် ၂၀၀ ကျော်ကျောင်းတက်

 

နန်းမား အခြေခံပညာကျောင်းများတွင် ကျောင်းတက်သူ ၂၀၀ ကျော်ရှိသော်လည်း နံနက်ပိုင်းသာ ကျောင်းဖွင့်နိုင်ပြီး
တတိယတန်းလာတက်သူတစ်ဦးသာရှိသဖြင့် အိမ်ပြန်လွတ်လိုက်သည်ဟု
အမည်မဖော်လိုသူ ကျောင်းဆရာမတစ်ဦးက The 74 Media ကို ပြောသည်။
“နန်းခမ်းသာယာကုန်း ကျောင်းမှာ ကျောင်းတက်တာ ၁၀၀ ရှိတယ်၊ အထက နန်းမားက ၁၂၀ ကျော် တက်တယ်၊ ၉တန်း ၁၀ တန်း မပါဘူး၊
၈ တန်းက ၆၀ကျော် ၊ ၃ တန်းက တစ်ယောက်ပဲ ရှိလို့ အိမ်ပြန်လွှတ်လိုက်တာတဲ့၊ ပထမ ကျောင်းစအပ်တုန်းက ၆၀ကျော်ပဲ၊
ကျောင်းအပ်များတာက စစ်တပ်ကလို့ ပြောတယ်၊ မနေ့ကတော့ မနက်ပိုင်း တင်ဖွင့်ပြီး ညနေပိုင်း မဖွင့်ဘူး၊
ဒီနေ့ နန်းမားကျောင်းကြီးက နေ့လယ် ဆင်းခဲ့ပီ၊ ညနေ မဖွင့်ဘူး” ဟုသူက ပြောသည်။
နန်းမား အထက ကျောင်းတွင် ကျောင်းတက်သူများမှာ တပ်နှင့် ဆက်နွယ်သူများ ပိုမိုများပြားကြောင်း သူက ဆက်ပြောသည်။
“ခုက နန်းမားမှာ အကြီးဆုံးကျောင်းပါ၊ မြို့ပေါ်ကတွေ မတတ်ကြဘူး၊ ၃၈၅/၃၈၆ ပေါင်းထားတဲ့ စစ်တပ်နဲ့ တောင်အင်း၊
အင်းကုန် ရွာဘက်ကတွေလာကြတာ များတယ်၊ ကျောင်းမှာ ရဲကားတွေ လာပတ်ကြည့်ရုံပဲ ၊ အစောင့်တွေမရှိဘူး” ဟုသူကပြောသည်။
နန်းမားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း ၂ ကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း
စုစုပေါင်း ကျောင်းသားဦးရေ ၃၀၀၀ ကျော် ရှိသည့် မြို့တစ်ခုဖြစ်သည်။
ဓါတ်ပုံ – CJ
သင့်ထင်မြင်ချက်ရေးပေးပါ