Month: June 2021

မြစ်ကြီးနားမြို့နယ် ၂၁ မိုင် စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် ၅ နာရီခန့်က ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ်တွင် လက်နက်ငယ်များ ထိမှန်ခဲ့ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်းသိရသည်

စစ်ကောင်စီ၏ စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဗလမင်းထင်တံတားဖြတ်သန်းခွင့် အချိန် ပြောင်းလဲသတ်မှတ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ကိုဖြတ်ကူးတည်ဆောက်ထားသော ဗလမင်းထင်တံတားအနီးရှိ စုပေါင်းစစ်ဆေးရေးဂိတ်တွင် ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း တံတားဖြတ်သန်းသွားလာခွင့်အချိန်ကို နံနက်ခြောက်နာရီမှ ညခုနစ်နာရီအတွင်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

တရုတ်နယ်စပ်ကုန်သွယ်​ရေးလမ်းဖြစ်သည့် ကန်ပိုင်တည်လမ်း ​တောင်ပြိုမှု နှစ်ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေးလမ်းဖြစ်သည့် ဝိုင်း​မော်-ကန်ပိုင်တည်လမ်းသည် တောင်ပြိုမှုဖြစ်​ပေါ်​နေ​သောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။

မြစ်ကြီးနားစီတာပူတွင် အမျိုးသားတစ်ဦးကိုဗစ်ပိုးတွေ့၊ နေအိမ် Lockdown ချထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့သဖြင့် နေအိမ်တစ်ကို Lockdown ချထား‌​ကြောင်း ရပ်ကွက်ကွက်​နေပြည်သူများထံမှ သိရသည်။

မိုးမောက်တွင် စစ်ကောင်စီတပ်များက KIA ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွဲ ၃နာရီခွဲခန့်က စစ်ကောင်စီတပ်များက KIA အဖွဲ့ရှိရာ စီဟတ်ကျေးရွာအနီးရှိ ဒေသအခေါ် တာဝါတိုင်ကုန်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြင်ဆင်ထားရန် ဒေါက်တာဇော်ဝေစိုး အသိပေး

မကြာမှီအချိန်အတွင်း D-Day ရောက်ရှိလာတော့မည်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်ထားကြရန်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ၎င်း၏ လူမူကွန်ယက်စာမျက်နှာဖေစ့်ဘုတ်မှတစ်ဆင့် လူထုကို အသိပေးထားသည်။