မြစ်ကြီးနားစီတာပူတွင် အမျိုးသားတစ်ဦးကိုဗစ်ပိုးတွေ့၊ နေအိမ် Lockdown ချထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ် ၁၉ ပိုးတွေ့သဖြင့် နေအိမ်တစ်ကို Lockdown ချထား‌​ကြောင်း ရပ်ကွက်ကွက်​နေပြည်သူများထံမှ သိရသည်။

စီတာပူရပ်ကွက် အိမ်အမှတ် KR – ၁၂၄ နေ အမျိုးသားတစ်ဦးကို ပိုးတွေ့ရှိ၍ ဆေးရုံမှ ခေါ်ဆောင်သွားပြီဖြစ်ပြီး နေအိမ်အား Lock down ချထားခြင်းဖြစ်သည်ဟု ရပ်ကွက်နေပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။
“ကိုဗစ်စစ်တာ သုံးရက်ရှိပြီတဲ့၊ ပိုးမတွေ့ဘူးဆိုပြီးမှ အိမ်ကိုတောင် ပြန်ခိုင်းလိုက်ပြီ ဟုတ်တယ်တဲ့၊ သုံးရက်မြောက်မှာမှ ပိုးတွေ့တယ်ဆိုပြီးမှ ပြန်လာခေါ်သွားတာ ဟုတ်တယ်တဲ့၊ အိမ်သားတွေကအခု ဒီတိုင်းပဲပုံမှန်ပဲနေနေကြတယ်၊ အခုအိမ်ကိုတော့ကန့်သတ်နယ်မြေသတ်မှတ်လိုက်ပြီ ” ဟု ပြောသည်။
အဆိုပါ ပိုးတွေ့လူနာအား လာမည့် ၃ ရက်အကြာတွင် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်ဟု သိရ‌ကြောင်း သူကဆက်ပြောသည်။
မြစ်ကြီးနားမြို့တွင် လက်ရှိပိုးတွေ့လူနာ စုစုပေါင်း ၂၂ ဦး ရှိပြီဖြစ်သည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ