တရုတ်နယ်စပ်ကုန်သွယ်​ရေးလမ်းဖြစ်သည့် ကန်ပိုင်တည်လမ်း ​တောင်ပြိုမှု နှစ်ကြိမ်ဖြစ်ပွား

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ တရုတ်နိုင်ငံနယ်စပ်ကုန်သွယ်​ရေးလမ်းဖြစ်သည့် ဝိုင်း​မော်-ကန်ပိုင်တည်လမ်းသည် တောင်ပြိုမှုဖြစ်​ပေါ်​နေ​သောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲနေကြောင်း သိရသည်။

တရုတ်နယ်စပ်ကုန်သွယ်​ရေးလမ်းဖြစ်သည့် ကန်ပိုင်တည်လမ်း ​တောင်ပြိုမှု နှစ်ကြိမ်ဖြစ်ပွား

 

နယ်စပ်ကုန်သွယ်​ရေးလမ်းတစ်ခုဖြစ်သည့် ကန်ပိုင်တည်လမ်းသည် ဇွန်လ ၂၇ ရက်နေ့ ညနေ ၄နာရီတွင် တစ်ကြိမ်၊ ဇွန်၂၈ ရက်နေ့တွင် တစ်ကြိမ် တောင်ပြိုမှုကြောင့် ခရီးသွားလာမှုခက်ခဲ​နေ​ကြောင်း ကားဆရာတစ်ဦးက The 74 Media ကိုပြောသည်။
“လမ်းသွားလမ်းလာက ဆိုင်ကယ်တောင်သွားလာလို့မရဘူး။ ကန်ပိုက်တည်က ဈေးသည်တွေဆိုရင် နှစ်ဆင့် တင်ရတယ်။ ကားနဲ့တစ်ဆင့် နောက် လူနဲ့တစ်ခါပြန်သယ် အဲ့လိုလုပ်ရတယ်။ အသွားအလာက ကားကြီးကော ကားသေးကော ဘာမှသွားလို့မရဘူး။ ကျွန်တော်တို့ ပြန်လာတဲ့အခါ ဆင်းလာတဲ့အခါ ပြိုတာ။ကျွန်တော်တို့က လွတ်သွားတယ်။ ကျွန်တော့် သူငယ်ချင်းတွေက ပိတ်မိနေတယ်” ဟု သူကပြောသည်။
တောင်ပြိုမှုဖြစ်ပွားခဲ့​သော်လည်း ​မော်​တော်ယာဥ်များ ထိခိုက်မှုမရှိကြောင်း သူဆိုသည်။
မိုးအဆက်မပြတ် ရွာသွန်းပါက တောင်ပြိုမှုများ ဆက်ဖြစ်နိုင်ပြီး ခရီးသွားများအတွက် ပိုမိုခက်ခဲနိုင်ကြောင်း သူက ပြောသည်။
ဝိုင်းမော်မြို့နယ်ရှိ ကန်ပိုက်တည်လမ်းသည် တရုတ်ပြည်နယ်စပ်ရှိ ကုန်သွယ်​ရေးလမ်းဖြစ်ပြီး တရုတ်တစ်ရှူးငှက်ပျောကားများ အများဆုံးအသုံးပြု​နေ​သော လမ်းဖြစ်သည်။

Photo : CJ

သင့်ထင်မြင်ချက်ရေးပေးပါ