မိုးမောက်တွင် စစ်ကောင်စီတပ်များက KIA ဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ယနေ့မွန်းလွဲ ၃နာရီခွဲခန့်က စစ်ကောင်စီတပ်များက KIA အဖွဲ့ရှိရာ စီဟတ်ကျေးရွာအနီးရှိ ဒေသအခေါ် တာဝါတိုင်ကုန်းဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မိုးမောက်အခြေစိုက် စစ်ကောင်စီတပ် ခမရ (၃၈၇) နှင့် ခမရ (၃၂၀) တို့သည်တို့ KIA ရှိရာ တာဝါတိုင်ကုန်းဘက်တို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသော ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“တာဝါတိုင်ကုန်းနောက်ဘက်ကို ပစ်နေတာ။ လက်နက်ကြီးပဲ ပစ်တာဟုတ်တယ်။ ပစ်နေတာ ၁၀ ချက် ဝန်းကျင်ရှိပြီ” ဟုပြောသည်။
မိုးမောက်မြို့နယ်တွင် ယမန်နေ့က စစ်ကောင်စီတပ်မှ လူအင်အား ၁၀၀ ဝန်းကျင်ထပ်ရောက်လာသည်ဟု နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။

မိုးမောက်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA အဖွဲ့အကြား တိုက်ပွဲများငြိမ်သက်နေသည်မှာ တစ်လဝန်းကျင်ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *