ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA)က ယမန်နေ့ညက ထုတ်ပြန်ခဲ့သည်။

အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်ရာ လက်နက်ခဲယမ်းများနှင့် စစ်ကောင်စီရုပ်အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီးကျန်ရှိနေသည့် စားနပ်ရိက္ခာများနှင့် ရေဗူးများတွင် သေစေနိုင်သော အဆိပ်များထည့်ထားသကဲ့သို့ စခန်းတွင်လည်း အဆိပ်ဆေးရည်များ ဖြန်းထားကြောင်း ထုတ်ပြန်ချက်တွင်‌ဖော်ပြထားသည်။

အဆိုပါတပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၉ ဦး ကိုလည်း  ရက္ခိုင့်တပ်တော် (AA)ကို လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို ဖြတ်ကျော်ဝင်ရောက်သွားကြောင်း သိရသည်။

မောင်တောမြို့မြောက်ပိုင်းရှိ လက်နက်ချအညံ့မခံသေးသော နယ်ခြားစောင့်တပ်စခန်းအချို့ကို  ရက္ခိုင့်တပ်တော် (AA)က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မင်းပြားမြို့ကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ နှစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိသကဲ့သို့  အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကိုလည်း ရဟတ်ယာဉ် တစ်စီးဖြင့် ညနေ ငါးနာရီခန့်မှစတင်ပြီး လှည့်ပတ်ပစ်ခတ်သွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းအချို့နှင့် လက်နက်ခဲယမ်းတို့ကိုလည်းသိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲနောက်ဆက်တွဲသတင်းများရှိပါက ဆက်လက်တင်ပေးသွားပါမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း – Dureng

ဓါတ်ပုံ – AA Info Desk

သင့်ထင်မြင်ချက်ရေးပေးပါ