လက်ကြိုးတုတ်ကာ ရိုက်နက်သတ်ဖြတ်ခံထားရသည့် အမျိုးသားတစ်ဦး၏အလောင်းကို မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်တွင် ယနေ့နံနက်ပိုင်းက လာရောက်စွန့်ပစ်ထားကြောင်း သိရသည်။

ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ မိုင်တဲလ်ရုံးအရှေ့တွင် နံနက် ၇ နာရီခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ခံထားရသည့် ဒဏ်ရာနှင့် ပါးစပ်မှသွေးများထွက်နေသည်ဟု မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်း မြစ်ကြီးနားမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ပတ်ဝန်းကျင်ကပြောလာလို့သွားကြည့်တာ ဖြစ်တာကပုံထဲမှာမြင်ရတဲ့အတိုင်းပဲ၊ တခြားပေါက်ပြဲဒဏ်ရာတွေကမတွေ့ရဘူး။ ခြေတစ်လုံးနှစ်ဖက်မှာဒဏ်ရာရထားတယ်။ ပါးစပ်မှာလည်းသွေးထွက်ထားတယ်၊ ဆရာဝန်ကမနက်ဖြန်မှဘာကြောင့်အသတ်ခံရတာကိုသိနိုင်မယ်လို့ပြောတယ်” ဟုပြောသည်။

သေဆုံးနေသူမှာ အသက် (၃၀) ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုဝင်များနှင့်အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

လက်ရှိအချိန်တွင် ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်တွင် ဗိုက်တွင်ဓားဒဏ်ရာရရှိထားသည့် အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့်လာရောပစ်ချသွားပြီး တစ်နာရီခန့်အကြာတွင် အဆိုပါအမျိုးသား‌ခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းမြစ်ကြီးနား

သင့်ထင်မြင်ချက်ရေးပေးပါ