ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုတွင် ယနေ့ နံနက် ၉ နာရီခန့်က လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံထားရသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့ကြောင်းသိရသည်။

မလန်းကျေးရွာအနီးရှိလမ်းတွင် ရပ်ထားသောကားအတွင်း သတ်ခံထားရသည့်ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံရေမဆသမားတစ်ဦးက The 74 Media ကို‌ပြောသည်။

“အငြိုးတွေကြောင့်သတ်ခံရတာလိုပဲထင်တယ်။သူ့ဆီကျောက်တော့တစ်ခါပြပေးဖူးတယ်။ မနက်ဈေးသွားတဲ့သူတွေမြင်တာ။ ကားထဲမှာအသတ်ခံထားရတာဟုတ်တယ်” ဟု‌ပြောသည်။

အသတ်ခံခဲ့ရသည့် အသက် (၃၀) နှစ်ခန့်အရွယ်ရှိ ကိုမျိုးဟန်ဆိုသူမှာ လည်ပင်းပြတ်ရှဒဏ်ရာနှင့် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း လုံးခင်းဒေသခံ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးက ‌ပြောသည်။

“ဓားနဲ့ထိုးထားတာ ရက်စက်တယ်။ ညကတည်းကအသတ်ခံထားရတယ်နေမှာ သွေးတွေတောင်ခြောက်နေပြီ။ သူရဲ့မိသားစုတွေကိုအကြောင်းကြားထားပြီပြောတယ်။ ဘယ်သူတွေသတ်လို့သတ်မှန်း စုံစမ်းလို့မရသေးဘူး” ဟုပြောသည်။

ကိုမျိုးဟန်၏ ရုပ်အလောင်းကိုလည်း လုံးခင်းကျေးရွာရှိ လူမှုကူညီရေးအသင်းက လာရောက်သယ်ယူသွားပြီဖြစ်‌ကြောင်း သိရသည်။

ဖားကန့်မြို့၊ ဆိပ်မူကျေးရွာတွင်လည်း ပြီးခဲသည့်ဇန်နဝါရီ ၂၁ ရက်နေ့က သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ