ရခိုင်ပြည်နယ်၊ မင်းပြားမြို့သို့ စစ်ကူလာသော စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၂၀၅) တပ်ရင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့က ရက္ခိုင့်တပ်တော် (AA)က ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးခဲ့ကြောင်း AA က ယနေ့ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မည်မျှသေဆုံးခဲ့သည်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း AA ထုတ်ပြန်ခဲ့သည့်ရုပ်သံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အစုလိုက်အပြုံလိုက်သေဆုံးနေပြီး လက်နက်ခဲယမ်းအမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်းအများအပြားသိမ်းဆည်းရမိကြောင်းတွေ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက် လေယာဉ်ပေါ်မှ ချပေးသော ထောက်ပို့ပစ္စည်းများကိုလည်း သိမ်းဆည်းရမိကြောင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

မင်းပြားမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

သတင်း – Dureng

ဓာတ်ပုံ – AA info Desk

သင့်ထင်မြင်ချက်ရေးပေးပါ