ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်ရှိ တောင်ရှည်တောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် AA နှင့် ယောကာကွယ်ရေးတပ် – YDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်ထားသည်။

အဆိုပါဗျူဟာစခန်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်ကစတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးပတ်ခန့်အကြာ ဇန်နဝါရီလ ခြောက်ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။

သတင်းဓာတ်ပုံများတွင် ဟောင်ဝစ်ဇာအမြောက်များနှင့် လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရမိကြောင်းတွေ့ရသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA က စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်း ၄ ခုနှင့် တပ်စခန်းပေါင်း ၁၅၀ နီးပါး တိုက်ခိုက်သိမ်းယူထားသည်။

သတင်း – Dureng

ဓာတ်ပုံ – ယောကာကွယ်ရေးတပ် – YDF FB Page

 

သင့်ထင်မြင်ချက်ရေးပေးပါ