ရခိုင်ပြည်နယ်၊ ကျော်တော်မြို့နယ်ရှိ “တောင်ရှည်တောင် ဗျူဟာကုန်းကြီး”ကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ကြောင်းသိရသည်။

တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးက လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်‌ေကြာင်း သိရသည်။

အဆိုပါဗျူဟာကုန်းကို ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ည ၉ နာရီအချိန်ခန့်တွင် အပြီးသတ်သိမ်းယူခဲ့ခြင်းဖြစ်သည်။

 

ထို့ကြောင့် AA တပ်ဖွဲ့က လက်ရှိထိုးစစ်ဆင်နေသော ဗျူဟာကုန်းများမှ ခေါင်းဆောင်များအနေဖြင့်လည်း စောလျင်စွာဆုံးဖြတ်ပြီး လက်နက်ချအညံ့ခံရန် ထုတ်ပြန်ချက်တွင် သတိပေး‌ရေးသားထားသည်။

‘ ၁၀၂၇ စစ်ဆင်ရေး’ စတင်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀၀ နီးပါးအထိရှိပြီဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့၏ အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ