မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဆင်ကင်(ကျန်ကန်)တပ်စခန်းကို ယနေ့ နံနက် ၅ နာရီခွဲခန့်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့မှစတင်တိုက်ခိုက်ခဲခြင်းဖြစ်ပြီး ယနေ့နံနက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆင်ကင်(ကျန်ကန်)တပ်စခန်းတွင် စစ်ဆင်ရေးကွတ်ကဲမှုဌာနချုပ် (စ.က.ခ ၂၁) နှင့် ခြေလျင်တပ်ရင်း (ခ.လ.ရ ၂၂၃) တို့တပ်စွဲထားခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်တိုက်ခိုက်ခဲ့ပြီး မိုးမိတ်တပ်စခန်းကလည်း လက်နက် ၁၇ ကြိမ်ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်မြို့ရှိ ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း ယနေ့ နံနက် ၃ နာရီခန့်က ညီနောက်မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ