ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ရွှေပေါက်ကန်ကျေးရွာအနီးတွင် ယမန်နေ့ည ရှစ်နာရီခွဲခန့်က ထိုးသွင်းဒဏ်ရာများဖြင့်သေဆုံးနေသော ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိကြာင်းသိရသည်။

သေဆုံးသူသည် ရွေပေါက်ကန်ကျေးရွာအနီးတွင် ဦးခေါင်းအရိုက်ခံရပြီး ခန္ဓာကိုယ်တွင်လည်း ထိုးသွင်းဒဏ်ရာသုံးချက်ဖြင့် သေဆုံးနေကြောင်း မေတ္တာလေညှင်းလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဒဏ်ရာတော့ရှိတယ်ဗျာ။ ကျောကုန်းမှာ အပေါက်သုံးပေါက်ရှိတယ်။ ဓားထိုးခံရတာလားတော့ မသိဘူး၊  တစ်ခုခုတော့ထိုးလိုက်တာနေမှာ ဘာနဲ့ထိုးလားတော့ ကျွန်တော်လည်း ဂဃနဏ ပြောလို့မရဘူးလေး။ ရန်ဖြင့်တာလား၊ လုယက်သွားတာလားလည်း မသိဘူး။ အဲ့အလောင်းက ကျွန်တော်ထင်တာတော့ တစ်နာရီနှစ်နာရီလောက်ကတည်းက သေနေတယ်လို့ထင်တယ်၊ အလောင်းသွားကောက်တော့ တောင့်နေပြီ” ဟုပြောသည်။

သေဆုံးသူသည် အသက် ၃၀ နှစ်ခန့်အရွယ်ဖြစ်ကာ လက်ရှိအချိန်ထိ ပိုင်ရှင်မပေါ်သေးဘဲ မိုးညှင်းပြည်သူ့ဆေးရုံရင်ခွဲသို့ ပို့ဆောင်ထားပြီး မေတ္တာလေညှင်းလူမှုကူညီရေးအသင်းမှတာဝန်ယူကာ သင်္ဂြိုဟ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ခုနှစ်ရက်နေ့ကလည်း မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းရပ်ကွက်နေ အသက် ၃၉ ခန့်အရွယ် အမျိုးသမီးတစ်ဦး ဓားထိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရသည်။

သတင်း – Dureng

ဓာတ်ပုံ – မေတ္တာလေညှင်းလူမှုကူညီရေးအသင်း FB page

သင့်ထင်မြင်ချက်ရေးပေးပါ