စစ်ကောင်စီက တပ်စွဲထားသည့် နမ့်ဆန်မြို့ရှိ “ရွှေဖီဦး” လက်ဖက်ခြောက်စက်ရုံကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က သတင်းထုတ်ပြန်ထားသည်။

စက်ရုံအတွင်း ဘန်ကာများ အခိုင်အမာတည်ဆောက်ကာ တပ်စွဲထားပြီး ရိက္ခာများသိုလှောင်ထားသော စက်ရုံကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ညမှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ညနေတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေစဉ်တွင် စခန်းစွန့်ခွာထွက်ပြေးသူများရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထာသည်။

လက်ရှိအချိန်တွင် နမ့်ဆန်မြို့ကို အပြီးသတ်သိမ်းနိုင်ရန် ဗျူဟာကုန်းတစ်ခုသာ ကျန်ရှိနေပြီး တိုက်ပွဲဆက်လက် ပြင်းထန်းနေကြောင်းသိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ညီနောင်မဟာမိတ်တပ်နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေတင်းမာနေပြီး “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယမန်နေ့အထိ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) က စစ်ကောင်စီတပ်စခန်းပေါင်း ၆၀ ခန့်ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

သတင်း – Dureng
ဓာတ်ပုံ – Shwe Phee Myay News

သင့်ထင်မြင်ချက်ရေးပေးပါ