အင်းတော်မြို့နယ်၊ မောလူးမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦးကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မှ ရဲဘော်နှစ်ဦးကျဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် သေနတ် ၂၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ နင်းမိုင်း ၅ လုံး၊ လက်ပစ်ဗုံး ၂၄ လုံး၊ G-3 ကျည် သုံးထောင်ကျော်၊ MA ကျည် သုံးရာကျော်၊ ၉ မမကျည် ၂၀၀ ကျော်၊ ရာဘာကျည် ၃၀ တောင့်၊ ကျည်ဘောက်မျိုးစုံ ၅၀ ကျော်၊ ကွန်ပျူတာ ၁ လုံး၊ ဖုန်း ၂ လုံးနှင့် ဆက်သွယ်ရေးစက်တစ်လုံးတို့ပါဝင်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်သားနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသည့် နေရာများမှ တစ်ခုသာကျန်ရှိတော့သည့် မော်လူးမြို့ ရဲစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကချင်လွတ်မြောက်ရေးတပ် KIA၊ KPDF နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်မှ ယမန်နေ့ နံနက်ပိုင်းက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးမြို့ စသည့်မြို့ ၃ မြို့ကို သိမ်းပိုက်ထားပြီး မော်လူးမြို့ကို ယမန်နေ့က ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – Northern ABSDF

သင့်ထင်မြင်ချက်ရေးပေးပါ