ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက်တွင်နေထိုင်သည့် ဆွံ့အနားမကြားသူ အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ နံနက် ၁၁ နာရီခွဲခန့်က နေအိမ်မှထွက်သွားရာ ယနေ့အထိ ပြန်ရောက်လာခြင်းမရှိဘဲ ပျောက်ဆုံးနေသည်ဟု အစ်မဖြစ်သူက The 74 Media ကိုပြောသည်။

“ဘယ်ကိုသွားလဲမသိဘူး။ သူရောက်ဖူးတဲ့နေရာတွေတော့ အကုန်လုံးလိုက်ရှာပြီးပြီ မရောက်ဘူး မတွေ့ဘူးပဲပြောတာ။ အခုကတော့ သူ့မှတ်ပုံတင်ရယ် သူ့အစ်မပုံရယ် ယူသွားတယ်။ အရင်ကတော့ အဲ့လိုမယူသွားဘူး။ လေယာဉ်ကွင်းမှာသူ့ဦးလေးအိမ်တွေရှိတယ် အဲ့မှာသွားနေပြီး ပြန်လာတယ်။ သူကလူကောင်းလားဆိုလည်း ကျွန်မတို့လိုတော့တွက်လို့တော့မရဘူး။ အရူးလားဆိုရင်လည်း အသိစိတ်တော့အကုန်ရှိတယ်၊ နားမကြားဘူး စကားမပြောတတ်ဘူး အဲ့တစ်ခုတည်းပဲ” ဟုပြောသည်။

ပျောက်ဆုံးနေသူသည် အသက် ၂၇ နှစ်ခန့်အရွယ်ရှိ မနန်ဟီးခေါ်ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်မှာ ပိန်ပိန်ရှည်ရှည်ဖြင့် နေအိမ်မှထွက်ခွာသွားစဉ် မီးခိုးရောင်အင်္ကျီဝတ်ဆင်ထားကာ ကျောပိုးအိတ်အနီရောင်လွယ်သွားကြောင်း သူကပြောသည်။

လူပျောက်တိုင်ကြားထားခြင်းမရှိသော်လည်း မနန်ဟီးခေါ်ကို တွေ့ရှိပါကာ အစ်မတော်စပ်သူ၏ ဖုန်းနံပါတ် ၀၉၇၈၃၇၂၅၇၁၀ ကိုဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုဝင်များကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနာမြို့၊ ရမ်ပူရပ်ကွက်မှ အမျိုးသားတစ်ဦး နေအိမ်မှ ထွက်ခွာသွားပြီး ယနေ့အချိန်ထိအဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်းသိရသည်။

သတင်း – Dureng
ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ