ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်လအတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်း ၁၉၇ ဦးရှိခဲ့ကြောင်း တအောင်းအမျိုးသမီးအဖွဲ့အစည်းက ထုတ်ပြန်ကြေညာခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သူ ၇၇ ဦးတွင် အသက် ၁ နှစ်မှ ၁၆ နှစ်အထိ ကလေးသူငယ် ၂၆ ဦးနှင့် အမျိုးသမီး ၅၅ ဦးပါဝင်ကြောင်း သိရသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ၁၂၅ ဦးရှိခဲ့ပြီး တိုက်ပွဲကြား ထွက်ပြေးနေစဉ်အတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ခြောက်သောင်းခွဲခန့်ရှိပြီး လုံလောက်သည့် အသုံးအဆောင်ပစ္စည်း၊ ကျန်းမာရေးစောက်ရှောက်မှုနှင့် အာဟာရစားသုံးနိုင်သည့် အခြေနေမရှိခြင်းကြောင့် ကျန်းမာရေးပိုင်းထိခိုက်မှုရှိနေကြောင်း သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ၂၇ မှစပြီး တစ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ပေါင်းငါးမြို့ကို ညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားနိုင်ပြီး နမ့်ခမ်း၊ သိန္နီ၊ သီပေါ စသည့်မြို့နယ်များတွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ