ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ အကျဉ်းဦးစီးစခန်းလေးခုကို TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

တအောင်းအမျိုးသားတပ်မတော် TNLA ၏ တပ်မဟာ ၂ စစ်ဒေသအတွင်းရှိ စစ်ကောင်စီ၏ လွင်ကြီးအကျဉ်းဦးစီးစခန်း၊ ကျူအင်းအကျဉ်းဦးစီးစခန်း၊ ခိုဟိုအကျဉ်းဦးစီးစခန်းနှင့် ကုန်းစံ အကျဉ်းဦးစီးစခန်းတို့ကို ယမန်နေ့ နိုဝင်ဘာ ၁၉ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တအောင်းအမျိုးသားတပ်မတော် PSLF/TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစခန်းလေးခုမှ MA – 11 ၅၀ လက်၊ MA- 12 ကိုးလက်၊ MA- 5 ၁၃ လက်၊ Shot Gun ၃၂ လက်၊ ကျည်တောင့်အမျိုးအစားစုစုပေါင်း တစ်သောင်းနီးပါးနှင့် ဆက်စပ် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

မြောက်ပိုင်းညီနောင်အဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ  ယမန်နေ့အထိ စစ်ကောင်စီတပ်စခန်း အကြီးအသေး စုစုပေါင်း ၁၅၄ ခုကို သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – News and Information Departments, Mandalay People’s Defence Force

သင့်ထင်မြင်ချက်ရေးပေးပါ