မိုးညှင်းမြို့နယ်တွင် ခရီးသွားအမျိုးသမီးတစ်ဦးထံမှ ကျပ်သိန်း ၅၇၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့(CCDAC Myanmar) ၏ ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ ညနေပိုင်းက နန့်စီးအောင်ကျေးရွာအနီးတွင် ကသာမြို့မှ ဟိုပင်မြို့သို့ပြေးဆွဲသည့် ခရီးသည်မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးရာတွင် မခင်နန်းဝင်းဆိုသူ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများတွင် ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါကုန်ပစ္စည်းများမှ ဆပ်ပြာခွက်များတွင်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၂၂၈ ကီလို(ကျပ်သိန်း ၅၇၀ခန့်)နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ကလည်း မြစ်ကြီးနား-မိုးကောင်းလမ်းပေါ်ရှိ လွယ်ခေါကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦးထံမှ သိန်း ၁၆၀ ခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူမှုများ ပိုမိုများပြားလာသည့်အပြင် မူးယစ်ဆေးဝါးဖြင့် အကျဉ်းကျနေသူများကိုသာ အများဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးနေကြောင်း သတင်းများအရသိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – CCDAC Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ