မြစ်ကြီးနားမြို့တွင် ယနေ့ညနေ (၆) နာရီခန့်က KIO အုပ်ချုပ်ရေးအရာရှိအချို့ပစ်ခတ်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အုပ်ချုပ်ရေးအရာရှိတစ်ဦးကို ကနဦးဖမ်းဆီးရမိခဲ့ပြီး အဆိုပါအရာရှိကိုလိုက်လံပြသခိုင်းကာ ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ‌ပြောသည်။

“တစ်ယောက်အရင် ဖမ်းခံရတာလို့ သိရတယ်။ သူ့ကိုလိုက်ပြခိုင်းပြီး သုံးယောက်ထပ်ဖမ်းမိတယ်။ တစ်ယောက်ကို ပစ်သတ်လိုက်ပြီလို့ ကနဦးသိရတယ်။ အသေးစိတ်တော့ မသိရသေးဘူးဗျာ” ဟုဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် The 74 Media က ဆက်လက်စုံစမ်းနေသည်။

လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ ၅ ရက်နေ့ကလည်း မြစ်ကြီးနားမြို့တွင် တိုက်နယ် ဒု – အုပ်ချုပ်ရေးမှူး အဒေါင် နှင့် မလိယန်မြို့နယ် လက်အောက်ခံ  ဇီးအွန်တိုက်နယ် ဒု – အုပ်ချုပ်ရေးမှူး အင်ခွမ်လတို့ ဖမ်းဆီးခံခဲ့ရသည်။

ထို့အပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက် နံနက်အစောပိုင်းကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် KIO အုပ်ချုပ်ရေးအရာရှိ ၁၃ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

သတင်း – ဘွမ်စော်

သင့်ထင်မြင်ချက်ရေးပေးပါ